ပန်းတောင်း မတ် ၁၁
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် (၉) နာရီအချိန်ကစတင်၍ မြန်မာစာ ဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ စာစစ်ဌာန(၆)ခုတွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခုဖြစ်သည့် အ.ထ.က (ပန်းတောင်း)၊ အ.ထ.က (ဆင်တဲ)၊ အ.ထ.က (ရှားဖြူကွင်း)၊ အ.ထ.က ဂုံညှင်းတန်း၊ အ.ထ.က (ဥသျှစ်ပင်)၊ အ.ထ.က (ထုံးဘို)စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ကျောင်းတွင်းဖြေဆိုရန် (၅၂၅)ဦး နှင့် ပြင်ပဖြေဆိုရန် (၁၉)ဦး စုစုပေါင်းကျောင်းသား/ကျောင်းသူ (၅၄၄)ဦး စာရင်းပေးသွင်းခဲ့ရာ ယနေ့ဖြေဆိုသူ (၅၃၀)ဦး၊ ပျက်ကွက်သူဦးရေ(၁၄)ဦးရှိခဲ့သည်။
ပန်းတောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များမှစာစစ်ဌာနများသို့ သွားရောက်ကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)