မင်းလှမြို့နယ်၌ ရေခါးကျေးရွာနှင့် ကညှင်းကြီးကျေးရွာများတွင် လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ‌ ဆောင်ရွက်နိုင်ရန် လူနေအိမ် (၁၄၀) လုံးအား ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

အထက်မင်းလှ မတ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မင်းလှမြို့နယ် ရေခါးကျေးရွာနှင့် ကညှင်းကြီးကျေးရွာတို့တွင် လေပြင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လူနေအိမ်(၁၄၀) လုံးအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်းခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဇင်နီလာဦးက လေပြင်းဘေးအန္တရာယ် ကာကွယ်ရေးအတွက် ထောက်ပံငွေပေးရခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ သည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် အကြံပြုဆွေးနွေးခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု‌ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ပြောကြားခဲ့သည်။ 

ထို့နောက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေခါးကျေးရွာရှိလူ‌နေ နေအိမ် (၇၀) လုံး၊ ကညှင်းကြီးကျေးရွာမှ လူနေအိမ် (၇၀) လုံးတို့အား လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း များဆောင်ရွက်နိုင်ရန် လူနေအိမ် (၁) လုံးလျှင်‌ ထောက်ပံ့ငွေ (၄၅၀၀ဝိ/) နှုန်းဖြင့် လူနေအိမ် (၁၄၀) လုံးအတွက် ထောက်ပံ့ငွေကျပ် (၆၃၀၀၀၀ဝိ/) တို့ကို မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က  ရေခါးကျေးရွာနှင့် ကညှင်းကြီးကျေးရွာ အုပ်ချုပ်‌ရေးမှူးများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)