သာယာဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ လာရောက် ထုတ်ယူ

သာယာဝတီ မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက  အ.ထ.က (၁) သာယာဝတီကျောင်း၌ ထုတ်ပေးလျက်ရှိ​ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရပ်ကွက်နှင့် ကျေးရွားများရှိ ကျောင်းသား၊ ကျောင်းသူ (၅၆၀)ဦးတို့က ဝင်ရောက်ဖြေဆိုမည်ဖြစ်သည့်အတွက် ဝင်ခွင့်ကတ်ပြား များကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် ကျောင်းတွင်းဖြေဆိုသူ (၅၅၁) ဦး၊ ပြင်ပဖြေဆိုသူ (၉) ဦး၊ စုစုပေါင်း ဖြေဆိုသူ (၅၆၀) ဦးအတွက် ဝင်ခွင့်ကတ်ပြားများကို ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)