ဒိုက်ဦးမြို့တွင် ဘောလုံးဒိုင်လူကြီး သင်တန်းဖွင့်လှစ် သင်ကြားလျက်ရှိ

ဒိုက်ဦး မတ် ၆

မြို့နယ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာပြီး မျိုးဆက်သစ်အားကစားသမားများ အားကစားအသိစိတ်ဓာတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့နယ်တွင် အားထားရသော မျိုးဆက်သစ် ဒိုင်လူကြီးများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားကွင်းအတွင်း၌ ဘောလုံးဒိုင်လူကြီး သင်တန်းကို မတ်လ ၁ ရက်နေ့မှစတင်၍ စာတွေ့/လက်တွေ့ သင်ကြားပေးလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ နည်းပြဆရာ ဦးလှတင့်နှင့် ဦးကျော်မြင့်လှိုင်တို့မှ သင်တန်းသား (၁၆)ဦးအား မတ်လ (၄)ရက်နေ့မှ (၁၀) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)