ပခုက္ကူ မတ် ၄
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၁၉ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ စာစစ်ဌာန(၂)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၄၃၉ ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပခုက္ကူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကျောင်းသား ၁၀၈ ဦး၊ ကျောင်းသူ ၂၃၆ ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ဝါဇီ)စာစစ်ဌာနတွင် ကျောင်းသား ၄၉ ဦး၊ ကျောင်းသူ ၄၆ ဦး စုစုပေါင်းစာစစ်ဌာန(၂)ခုအတွက် ကျောင်းသား၊ ကျောင်းသူ ၄၃၉ ဦး လျှောက်လွှာ(ဖောင်)များ တင်ထားပြီးဖြစ်ကြောင်း၊ အဆိုပါလျှောက်လွှာ(ဖောင်)များ တင်ထားသည့် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း ပခုက္ကူမြို့နယ်ပညာရေးမှူး ဦးဇော်ဝမ်းထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)