ဖြူးမြို့နယ်​၌ နွေစပါးစိုက်ပျိုးထုတ်လုပ်ရေး နိုင်ငံ့စီးပွား​မြှင့်တင်​ရေးရန်ပုံ​ငွေပေးအပ်

ဖြူး မတ် ၂

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ဖြူးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ခုနှစ်အတွက် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးဆောင်ရွက်ရန်မတည်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးခင်မောင်ဆွေက နွေစပါးစိုက်ပျိုးရာတွင် သွင်းအားစုအချိုးညီစွာထည့်သွင်းစိုက်ပျိုးရေးနည်းစနစ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ခုနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေး ကျေးရွာအုပ်စု(၃)အုပ်စုမှ တောင်သူ(၁၀၆)ဦး၏ နွေစပါးဧက(၁၀၀၀)အတွက် ငွေကျပ်သိန်း (၂၀၀၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ဝင်များက ပေးအပ်ပေးခဲ့ကြောင်းသိရသည်။

နေမျိုးလွင်(ပြန်/ဆက်)