ကျွန်းလှ မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နွေစပါးတင်း(၁၂၀)ထွက်ရှိရေး တောင်သူနည်းပညာပေးသင်တန်းနှင့် ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ဆောင်ရွက်ကြောင်းသိရသည်။
ရေရှးဦးစွာ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက ယူရီးယားဓာတ်မြေဩဇာ ရောင်းချပေးခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက စိုက်ပျိုးရေးဆိုင်ရာများ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုလက်ထောက်ဦးစီးမှူး ဦးရဲလင်းထွန်းက နွေးစပါးတငမစ (၁၂၀) ထွက်ရှိရေးစိုက်နည်းစနစ်များနီင့် မျိုးစပါးဆားရည်စိမ်၍ မျိုးညှောက်ဖောက်နည်းအဆင့်ဆင့်ကို အကျယ်တဝင့်ရှင်းလင်းပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ တောင်သူနည်းပညာပေးသင်တန်းသို့ နွေးစပါးစိုက်ပျိုးမည့် ကျေးရွာလေးရွာမှ တောင်သူ(၄၅)ဦး တက်ရောက်ကြပြီး ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)