အုတ်တွင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

အုတ်တွင်း ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အုတ်တွင်းမြို့နယ် အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။

အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမို လက်လှမ်းမီပြီး ၎င်းတို့၏ ကျန်းမာရေးအဆင့် တိုးတက်မြင့်မားလာစေရန်၊ ရောဂါရှိသော်လည်း ရောဂါလက္ခဏာမပြသော အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများတွင် ရောဂါရှာဖွေ စစ်ဆေးခြင်းဖြင့် ရောဂါများကို စောစီးစွာ ရှာဖွေတွေ့ရှိ ကုသနိုင်ပြီး ပိုမိုပြင်းထန်သော ရောဂါများနှင့် နောက်ဆက်တွဲပြဿနာများကို ရှောင်လွှဲနိုင်စေရန်၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျ စိုက်ထုတ်ရမှု လျော့ကျစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဦးကျော်မိုးနှင့် ကျန်းမာရေးအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပဏာမ ကျန်းမာရေး စစ်ဆေးခြင်း၊ အခြေခံရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကုသရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စနစ်တကျ လွှဲပြောင်းဆောင်ရွက်ရန်နှင့် ကျန်းမာရေး အသိပညာပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသည်။

အုတ်တွင်းမြို့နယ်အနေဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဦးရေ ၁၈၁၇ ဦးရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာထံမှ သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)