ဘူးသီးတောင် ဒီဇင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်ပိုင်းမှစ၍ မြန်မာ့ စီးပွားရေးဘဏ်တွင် ဘဏ်ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ပင်စင်စားဝန်ထမ်း( ၁၃၀၅) ဦးရှိပြီး ယနေ့နံနက်ပိုင်းမှစ၍ ဒီဇင်ဘာလကုန်အထိ နေ့စဉ်နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီထိ ပင်စင်လစာငွေများကို ထုတ်ပေးမည်ဖြစ်ပြီး အငြိမ်းစား အသက်ကြီးသူများနှင့် ကျန်းမာရေး မကောင်းသူများ၏ ပင်စင်လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်မှ စီစဉ်ဆောင်ရွက်ပေးထားသလို သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား လစဉ် လဆန်းရက်၊ ဘဏ်လုပ်ငန်းဖွင့်ချိန်များတွင် ပင်စင်လစာများကိုဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်အေးအေးခိုင်မှသိရသည်။
လှကျော်(ပြန်/ဆက်)