အမ်း ဒီဇင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးနှင့်ဆယ်ကျော်သက်အရွယ်လူငယ်များ “စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့နေ့လယ်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူလူငယ်များအား လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းကျင်းပပေးခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့သန်းကြွယ်သဌေးကြီးလီကာရှင်းရဲ့ မှတ်မှတ်သားသားစကားများမှ လူတိုင်းလျှောက်လှမ်းရမည့်လမ်း နှစ်လမ်းမှ လျှောက်ကိုလျှောက်ရမည့်လမ်းနှင့် ကိုယ်လျှောက်ချင်တဲ့ လမ်းအကြောင်းအရာများနှင့် စာရေးဆရာဖေမြင့် ရေးသားသည့် စာဖတ်ခြင်းဖြင့် ဘဝတိုးတက်မှုကိုရရှိလိုလျှင် ဆောင်းပါး၊ စာရေးဆရာညွန့်ဝေမိုး ရေးသားသည့် အနာဂတ်ရိက္ခာစာဖတ်ပါ ဆောင်ပါးပါ အကြောင်းအရာများကိုလည်းကောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး စာပေမြတ်နိုးသူ မောင်ငြိမ်းချမ်း၊ မသင်းမြတ်စံ၊ မသန္တာဖြိုး၊ မအိဇင်၊ မတင်တင်မိုးတို့က စာဖတ်ခြင်းဖြင့် ဘဝတိုးတက်မှုကိုရရှိလိုလျှင် ဆောင်းပါးပါ အကြောင်းအရာများနှင့် အနာဂတ်ရိက္ခာစာဖတ်ပါ ဆောင်းပါးပါ အကြောင်းအရာများမှ သိရှိလိုသည်များ မေးမြန်းကြရာ ဦးစီးအရာရှိ ဦးစန်းဝင်းက ဖြေကြားဆွေးနွေးခဲ့သည်။
အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေမြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ ပြပွဲပြခန်းများ၊ ပြိုင်ပွဲများ ဆောငရွက်ပေးလျှက်ရှိပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးလျှက်ရှိသည်။
မြို့နယ်ပြန်ဆက်