သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ်(၅/၂၀၂၃) ဖွင့်လှစ်

သံတွဲ ဒီဇင်ဘာ ၂၀

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင်၌ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၅/၂၀၂၃) ကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်မှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို တစ်ပတ်လျှင် ၃ ရက်ဖြင့်  နေ့လယ် ၁၂ နာရီမှ မွန်လွဲ ၂ နာရီအထိ ၁ လခွဲကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းတွင် ဌာနဆိုင်ရာများမှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၁၁ ဦး တက်ရောက်လျက်ရှိသည်။ သင်တန်းနည်းပြဆရာများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးနေမျိုးအောင်နှင့် သံတွဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ငြိမ်းအေးတို့က အခမဲ့သင်ကြား ပို့ချပေးလျက်ရှိပြီး သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာတက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကွန်ပျူတာအခြေခံကို တတ်မြောက်ပြီး လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေစေရေးတို့အတွက်  ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)