နတ်မောက်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

နတ်မောက် ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထက် /လယ်/မူအဆင့်စာစီစာကုံးပြိုင်ပွဲကို  ယနေ့နံနက်(၉)နာရီအချိန်က    အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုမြို့နယ်ပညာရေးမှူးဦးသိန်းဇော်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုတကြွယ်ဝသည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ များကို  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ အထက်တန်းဆင့်ကျောင်းသား/သူများမှ “ အချုပ်အခြာအာဏာ တည်မြဲဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းစို့”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းနှင့် အလယ်တန်း အဆင့် ကျောင်းသား/သူများမှ “လွတ်လပ်ရေးသည် အဓိကစုပေါင်းဆောင်ရွက်မှ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည ။ အဆိုပါပြိုင်ပွဲသို့ နတ်မောက်မြို့နယ်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) ကျောင်းများမှ ထက်/လယ်/မူအဆင့် ကျောင်းသား/သူ စုစုပေါင်း (၆၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူများအား ၂၀၂၄-ခုနှစ် ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း