လပွတ္တာမြို့နယ်၌ မီးဘေးသင့်အိမ်ထောင်စု (၃)စုအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

လပွတ္တာ ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာတွင် မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ် (၃)လုံးမှ မီး​ဘေးသင့် အိမ်ထောင်စု (၃) စုအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးဦးစည်သူစိုး၊ လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူးဖြိုးဝေဟိန်း၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့များပါဝင်သော အဖွဲ့တို့သည် မီးဘေးသင့် အိမ်ထောင်စုများမှ ကျား (၈)ဦးနှင့် မ (၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၅၇၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၃၅၇၀ဝ/)ကျပ်တိတိအား မီးဘေးသင့် ပြည်သူများ လက်၀ယ်သို့အရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်