ငွေဆောင် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ညောင်မှော်ရွာ၊ တောင်သူတစ်ဦး၏ လယ်မြေတွင် ယနေ့နံနက် (၇း၃၀)က မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးဆောင်၍ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ၂ ဧက ကြဲပက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့စိုက်ပျိုးပွဲအား မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၏ ဦးဆောင်မှုဖြင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ငွေဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၄)ရပ်ကွက်၊ ကျောက်ဖျာ၊ ဆင်မအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ အမှတ်(၄)ရပ်ကွက်မှ ရာအိမ်မှူးများမှ စုစုပေါင်း အင်အား(၃၀)ဦးခန့်ဖြင့် အမှတ်(၄)ရပ်ကွက်၊ ညောင်မှော်ရွာရှိ ၁၉၈၃ ပြင်၊ ကွင်းအမှတ် ၁၃၊ တောင်သူဦးစံတုတ်၏ လယ်မြေတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ၂ ဧကအား ကြဲပက်စိုက်ပျိုးခဲ့ပြီး ဆောင်းသီးနှံနေကြာ (၂)ဧကအား ဆက်လက်စိုက်ပျိုးရန်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ထံမှသိရသည်။
ငွေဆောင်