စလင်းမြို့နယ် ဘီးဇပ်ကျေးရွာအုပ်စု၊ ကြူဝန်းကျေးရွာ မူလတန်းလွန်ကျောင်း၊ ကျောင်းဆောင် သစ် (RCC)(၂) ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ

စလင်း ဒီဇင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဘီးဇပ်ကျေးရွာအုပ်စု၊ ကြူဝန်းကျေးရွာ အခြေခံပညာဦးစီးဌာနမှ မူလတန်းလွန်ကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အခြေခံပညာ မူလတန်းလွန်ကျောင်း (RCC)(၂)ထပ် ကျောင်းဆောင် သစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးလွှမ်းမိုးအောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်လင်း၊ မြို့နယ်ပညာရေးမှူး ကိုယ်စား ဦးစီးအရာရှိ ဦးကြည်လှိုင်ထွန်း၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးတင်အေး ဧည့်သည်တော်ပညာရေးမှူး အငြိမ်းစား ဦးမြင့်သန်းနှင့် ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ငြိမ်းနှင့် ဆရာ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာကြူဝန်းကျေးရွာ မူလတန်းလွန်ကျောင်ဆောင်သစ် (RCC)(၂)ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကျင်းပရန် သတ်မှတ်နေရာ ကျောင်းရှေ့တွင် နေရာယူ၍ မင်္ဂလာအချိန် ကျရောက်သည့် နံနက်(၉)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့် တာဝန်ရှိသူများက နေရာယူ၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်လင်းနှင့် မြို့နယ်ပညာရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်လှိုင်ထွန်းတို့မှ အသီးသီးကျောင်းဆောင်သစ်ကြီးဖွင့်ပွဲတွင် ကျောင်းဆောင် သစ်ကြီးမှသည် နိုင်ငံတော်မှ အားကိုးအားထားရသည့် မျိုးဆက်သစ်ကျောင်းသား လူငယ်မောင်မယ်များစွာ ပေါ်ထွန်းလာအောင် သင်ပြကူညီစောင့်ရှောက် ဝိုင်းဝန်းကူညီကြ စေလိုကြောင်း ပြောကြားခဲ့ပြီးနောက် ကြူဝန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးများက မင်္ဂလာပါတေးသီချင်း၊ မြန်မာ့ကျောင်းတေးသီချင်းများဖြင့် ဂုဏ်ပြု သီဆိုခဲ့ကြသည်။ ကြူဝန်းကျေးရွာ (RCC)(၂)ထပ်ကျောင်းဆောင်သစ်အား ရေ၊ မီး၊ အပြည့်အစုံဖြင့် ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၂၀၉.၅၄၇၀)ဖြင့် အကုန်အကျ ခံကာ ဖူးသစ်ဆန်းကုမ္ပဏီမှ တင်ဒါအောင်မြင် ၍ တာဂန်ယူဆောင်ရွက် ဆောက်လုပ်ပြီးစီးခဲ့ကာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများနှင့် အတူ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်ရွာမှ ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြမှ သာလျှင် ကျောင်းဆောင်သစ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲကာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်မည် ဖြစ်ကြောင်းနှင့် တာဝန်ရှိလူကြီးမင်းများကို အထူးကျေးဇူးတင်ကြောင်း ကျောင်းကော်မတီဝင်တစ်ဦးမှ ပြော ကြားသွားခဲ့သည်။ အဆိုပါအခမ်း အနားသို့ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာကြီး ဆရာ၊ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (၁၅၀)ကျော် ခန့် တက်ရောက်ကြကြောင်း သိရှိရသည်။

(မောင်လွင်)စလင်း