ရေတာရှည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ခွင့် ကိုယ်ကာယကြံ့ခိုင်မှုစစ်​ဆေးခြင်း ပြုလုပ်

ရေတာရှည် ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်ခြင်းနှင့် စည်းကမ်း ပြည့်ဝသူများ လေ့ကျင့်ပျိုးထောင်ရန် ရည်ရွယ်ပြီး  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးအဖွဲ့မှ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ()နာရီအချိန်က ရေတာရှည်မြို့နယ် မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို ကျောင်းသား၊ ကျောင်းသူ Grade-9 (၁၄) ဦး၊ Grade -10 (၁၃)ဦး၊ Grade-11 (၁၃) ဦး၊ Grade-12 (ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၄၆) ဦး တို့အား ကိုယ်ကာယ ကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းတွင် မီတာ(၁၀၀) ကျား/မ၊ မီတာ(၈၀၀) ကျား နှင့်မီတာ (၄၀၀မ၊  လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက် အလျားခုန်၊ အိပ်ထ မတင်အားကစား နည်းများဖြင့် ယှဉ်ပြိုင်ကြရကြောင်း သိရသည်။

အဆိုပါ ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးရာနေရာသို့ ဆရာ/ဆရာမများအား ကစားနည်းပြများ ဖြေဆိုသူ ကျောင်းသူ/သား(၄၆)​ယောက်၏ အုပ်ထိန်းသူ ကျောင်းသားမိဘများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)