ပေါင်းတည် ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးအတွက် ယမန်နေ့နံနက် ၈နာရီမှစ၍ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းများကို မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ယှဉ်ပြိုင်စံချိန်ယူ စစ်ဆေးကြကြောင်း သိရသည်။
နိုင်ငံတော်၏ ပညာရေးမျှော်မှန်းချက်နှင့်အညီ အသိပညာ၊ အတတ်ပညာ ပြည့်စုံသော ပညာတတ်များ ပေါများရေး၊ အရည်အသွေးရှိသော သင်ကြားသင်ယူမှု မြှင့်တင်ရေးနှင့် အသုံးချသုတေသနနှင့် ဆန်းသစ်တီထွင်မှုအားပေးရေးအပြင် ဗလငါးတန်ဖွံ့ဖြိုးသော လူရည်ချွန်များ ပေါ်ထွန်းရေးအတွက် နှစ်စဉ် ရွေးချယ်ချီးမြှင့်အားပေးလျက်ရှိရာ ယနေ့တွင် မြို့နယ်အဆင့် လူရည်ချွန်များရွေးချယ်ရေး ကော်မတီမှ မီတာ ၈၀၀ (ကျား )၊မီတာ ၄၀၀(မ)၊ ရပ်လျက်ခုန် (ကျား၊ မ)၊ အိပ်ထမတင် (ကျား၊မ) ၂မိနစ်နှင့် ဒိုက်ထိုး (ကျား၊မ) ၂မိနစ်တို့ကို စံချိန်ယူ ယှဉ်ပြိုင်ကာ ကိုယ်ကာယကြံခိုင်မှု စစ်ဆေးကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)