ဝမ်းတွင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

ဝမ်းတွင်း ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်အတွင်းဖွင့်လှစ် ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဝမ်းတွင်းမြို့နယ် မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ထိန်းသိမ်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်များအား ဖွင့်လှစ်ရောင်းချနေခြင်း ရှိ/မရှိနှင့် စက်သုံးဆီရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ထိန်းသိမ်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက  စက်သုံးဆီ ရောင်းချခြင်းနှင့် စပ်လျဥ်း၍ လိုအပ်သည်များကို လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စက်သုံးဆီအရောင်းဆိုင်များအား ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးများကို နေလ စက်သုံးဆီအရောင်းဆိုင်၊ Denko စက်သုံးဆီအရောင်းဆိုင်၊ ပိုးဥပိုးရွှင် စက်သုံးဆီ အရောင်ဆိုင်၊ Petrol Star စက်သုံးဆီအရောင်ဆိုင်းနှင့် မြို့နယ်အတွင်း ဖွင့်လှစ်ထားသော စက်သုံးဆီ အရောင်ဆိုင်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်