မြန်အောင်မြို့နယ်တွင် (၂၀၂၃–၂၀၂၄) ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးခြင်းများ ဆောင်ရွက်

မြန်အောင် ဒီဇင်ဘာ ၉

ထူးချွန်ထက်မြက်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန် ပြည့်စုံသော ကျောင်းသား/ လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် (၂၀၂၃–၂၀၂၄) ပညာသင် နှစ် မြို့နယ်အဆင့် လူရည်ချွန် စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးခြင်းများကို ယနေ့နံနက်က မြန်အောင်ရေနံမြေ အားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား/သူများက အပြေးမီတာ ၁၀၀ (ကျား/မ)၊ လက်ထောက်တွန်းတင် (၂ မိနစ်)၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ အပြေးမီတာ ၈၀၀ (ကျား)၊ မီတာ ၄၀၀ (မ) စသည့် Physical (5)မျိုး စစ်ဆေးခြင်းတို့အား မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကာယဆရာဆရာမများ၊ မိဘကိုယ်စားလှယ်များ၊ ဆရာ/ဆရာမများနှင့် ဒိုင်အဖွဲ့များက လူရည်ချွန် စိစစ်ရွေးချယ်ရေးအတွက် ချမှတ်ထားသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများ၊ ရွေးချယ်ရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)