ကြံခင်း ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်ဖွံ့ဖြိုးစေရန်နှင့် နှုတ်မှုစွမ်းရည် ထက်မြက်စေရန် ရည်ရွယ်ပြီး ကဗျာရွတ်ဆို ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ကျင်းပပြုလုပ်သည်။
ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်မှ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပခြင်းဖြင့် ကျောင်းသား/သူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက် ဖွံ့ဖြိုးစေရန်နှင့် လူအများရှေ့တွင် ရဲဝင့်စွာ ပြောဆိုတတ်စေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ကြောင်း ပြောကြားပါသည်။
ထို့နောက် အခြေခံပညာမူလတန်းအဆင့် (အ.မ.က) အင်းလပ်အနောက်ကျောင်းမှ (Grade-3) နှင့် (Grade-4) ကျောင်းသား/သူ (၂၅)ဦးတို့က စာရေးဆရာမင်းသုဝဏ် ကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ကြကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင် ပြသထားခြင်းအား စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)