မောင်တော ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောင်းသား၊ ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ၊ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးပွဲကို ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီ အချိန်က အားကစားပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းကို မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး ကျင်းပပြုလျက်ခဲ့ပြီး ယနေ့နံနက်ပိုင်းက အားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ ဖြေဆိုရန် စာရင်းရှိ ၂၂ ဦး၊ ဖြေဆိုသူ ၁၅ ဦးတို့က အပြေး မီတာ ၁၀၀၊ ၄၀၀၊ ၈၀၀ နှင့် လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်စသည့် အားကစားအမျိုးအစားများကို အတန်းလိုက် ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းကို ဒီဇင်ဘာ ၆ ရက်နေ့တွင် အထွေထွေ ဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်း၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး အောင်မြင်သူများ အနေဖြင့် ခရိုင်အဆင့်သို့ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)