ဘိုကလေးမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ ကျင်းပ

ဘိုကလေး ဒိဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာကျောင်းတွင် ယနေ့နံနက်(၉)နာရီမှစတင်၍ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကျင်းပဆောင်ရွက်သည်။

မြို့နယ်အဆင့် လူရည်ချွန်‌ရွေးချယ်ရေးစာမေးပွဲသို့ ဘိုကလေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade (9,10,11,12) ကျောင်းသား(၁၂)ဦး၊ ကျောင်းသူ(၁၂)ဦး၊ စုစုပေါင်း(၂၄)ဦး ဝင်ရောက်ဖြေဆိုကြပြီး စာမေးပွဲအား ယနေ့ ဒီဇင်ဘာ(၅)ရက်နေ့မှ စ၍ ဒီဇင်ဘာ(၆)ရက်၊ ဒီဇင်ဘာ(၈)ရက် (၃)ရက်တာတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေနှင့် ကိုယ်ကာယကြံ့ခိုင်မှု ဘာသာရပ်များအား ဖြေဆိုကြရမည်ဖြစ်ကြောင်းနှင့် စာမေးပွဲအဆင်ပြေချောမွေ့စွာ ကျင်းပဆောင်ရွက်နိုင်ရေး မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)