သနပ်ပင် ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် အခြေခံပညာ ကျောင်းများ၌ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ (Student Participation Initiatives- SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အ.ထ.က (သနပ်ပင်)၊ ဇီဇဝါခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးကျော်မြင့်က ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ (Student Participation Initiatives- SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့် ဆွေးနွေးပွဲများ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ သင်တန်းနည်းပြ ဆရာဆရာမများနှင့် သနပ်ပင်မြို့နယ်အတွင်းရှိ ထက်၊လယ်၊မူ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ စုစုပေါင်း (၁၂၁) ဦး တက်ရောက်ခဲ့ပြီး ပညာရေးတွင် ဆယ်ကျော်သက်လူငယ်များ၏ ပါဝင်ဆောင်ရွက်မှု၊ ကျောင်းကျန်းမာရေး အဆင့်မြင့်တင်ရေး ဦးစားပေးနယ်ပယ် (၇) ခုနှင့် ချိတ်ဆက်ဆောင်ရွက်မှု၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ရပ်ရွာလူထု ပူးပေါင်းပါဝင်မှုနှင့် လေ့လာကြီးကြပ်မှုစသည့် ခေါင်းစဉ်များဖြင့် (၃)ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှမိုး (ပြန်/ဆက်)