နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကဗျာပြိုင်ပွဲကျင်းပ

နတ်မောက် ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကဗျာပြိုင်ပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ မများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ရာ ကဗျာပြိုင်ပွဲတွင်အထက်တန်းအဆင့် ကျောင်းသား/သူ (၁၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို အဆိုပါကျောင်းရှိ ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)