ပေါက်ခေါင်း ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အတူ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးနှင့်အဖွဲ့များ၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် မြို့နယ်တည်ဆောက်ရေးနှင့် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များသည် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် VDP စီမံကိန်းဖြင့်ဆောင်ရွက်သည့် သာယာကုန်းကျေးရွာ ကျေးရွာတွင်း ကျောက်ရောမြေနီလမ်းခင်းခြင်းလုပ်ငန်း လမ်းအရှည် ၃၂၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မနှင့် ရေသန့်စင်စက်တပ်ဆင်ခြင်း ဆောင်ရွက်ပြီးစီးမှုနှင့် လေးကြီးကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း VRFP ဖြင့် ဆောင်ရွက်သည့် ဦးအောင်ဇော်မင်း၏ ဆိတ်မွေးမြူရေးခြံနှင့် တောင်သူဦးတင်လှ၏ ယာမြေ(၁၀)ဧကတွင် ဝါသီးနှံပန်းတိုင်အထွက် ပိဿာ (၇၀၀)နှုန်းထွက်ရှိရေးစံပြကွက် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေဖြင့် မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ တောင်နဝင်းတူးမြောင်းမကြီး RD-14+000 ရှိ ရေကူးမြောင်း (H/R)တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးမှုလုပ်ငန်းများကို လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)