စစ်ကိုင်း ဒီဇင်ဘာ ၂
လူမှုဝန်ထမ်းဦးစီးဌာန၊ စစ်ကိုင်းမျက်မမြင်ကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အဆို၊ ပန်းချီ၊ အားကစားပြိုင်ပွဲများနှင့် ဆုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့် ကူညီဆောင်ရွက်စို့” ဆိုသည့်အတိုင်း မသန်းစွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရရှိစေရန် စဉ်ဆက်မပြတ် လေ့ကျင့်ပြုစုပျိုးထောင်ပေးနေလျှက်ရှိကြောင်း၊ ယခုဆိုရင်လည်း စစ်ကိုင်းမျက်မမြင်ကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများအား အဆိုပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ အိပ်စွတ်ပြေးပြိုင်ပွဲ၊ ပန်းချီ၊ စစ်တုရင်ပြိုင်ပွဲများ ကျင်းပပေးပြီး ဆုများချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ပြိုင်ပွဲအလိုက် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူလေးများအား တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူမျာက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။
စစ်ကိုင်းမျက်မမြင်ကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများအား စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အရည်အသွေးများ ဖွံ့ဖြိုးလာစေရန် သီချင်းဆိုပြိုင်ပွဲများ၊ အားကစားမျိုးစုံပြိုင်ပွဲများကို စဉ်ဆက်မပြတ်ပြုလုပ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်