သာပေါင်း ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီ အချိန်က မြို့အဝင်၊ အထွက်ပိန္နဲကုန်း စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိန်ဆန်း၊ ဒုအရာခံဗိုလ်ဝင်းလှိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် လက်ထောက်လဝကမှူး ဦးအောင်မျိုးကျော်၊ မြို့မရဲစခန်း၊ ဒုတိယရဲအုပ် ဇေယျာညိမ်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊စားသုံးသူရေးရာဦးစီးဌာန၊ဦးစီးမှူးဦးထွန်းမင်းလက်၊မြို့နယ်အခွန်ဦးစီးဌာနမှူးဦးတင်မောင်ထွေး၊သစ်တောဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာန၊လက်ထောက်ဦးစီးမှူးကျော်ဇင်ထက်နှင့်တပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်ယာဥ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များပူးပေါင်း၍ ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင် ဆောင်သွားလာကြရန်နှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ် တစ်ပါတည်းယူဆောင်လာကြရန်၊ တရားမဝင်ကုန်စည်များ ဖြန့်ဖြူးသယ်ယူပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ တရားမဝင်ကုန်စည်များဝင်ရောက်မှုမရှိစေရေး စစ်ဆေးခြင်း၊ လိုင်စင်မဲ့ယာဥ်များမှတ်ပုံတင်ဆောင်ရွက်ရေး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန်၊ စီးနင်းသွားလာခြင်းမရှိစေရေး ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့်၊ မော်တော်ဆိုင်ကယ်စီးနှင်းပါကဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်း မေးသိုင်းကြိုးတပ်တင်၍ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်ရေး ပြည်သူများယာဥ်အန္တရာယ် ကင်းဝေးစေရေး စီစစ်အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)