ဖြူးမြို့နယ်၊ ထန်းကုန်းအခြေခံပညာ မူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြော

ဖြူး ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများအား အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထန်းကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား စာအုပ်စာပေဖတ်ရှုစေရေး၊ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်အိမာဟိန်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ စာကြည့်တိုက်အမျိုးအစားများ၊ စာကြည့်တိုက်တွင် ဖတ်ရှုနိုင်သည့် စာအုပ်အမျိုးအစားများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ပပလင်းက  ကျောင်းသား/ ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများစားသောက်ရေး၊ စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာများ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်အန္တရာယ်တားဆီးကာကွယ်ရေး၊ အပြည်ပြည်ဆိုင်ရာလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ် ပြဘုတ်များကို ပြသပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)