ရွှေတောင်မြို့နယ်တွင် ဆောင်းမြေပဲများ အောင်မြင်ဖြစ်ထွန်း

ရွှေတောင် ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် ဆောင်းမြေပဲလျာထားဧက(၁၅၆၆၂)ဧကလျာထားသတ်မှတ်ထားပြီး ယနေ့အထိ(၁၃၂၄၄)ဧကစိုက်ပျိုးခဲ့ပြီးဖြစ်ရာ စိုက်ပျိုးပြီး ဆောင်းမြေပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဆောင်းမြေပဲအထွက်နှုန်းတိုးတက်စေရေးအတွက် ဗီယက်နမ်မြေပဲမျိုးများစိုက်ပျိုးခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧကအထွက်နှုန်းတိုးတက်စေရေး၊ မျိုးစိုက်စနစ်ဖြင့်သွင်းအားစုအသုံးပြုခြင်း၊ အပင်ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ နည်းစနစ်မှန် လိုက်နာဆောင်ရွက်စေရေး  အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဆောင်းမြေပဲစိုက်ပျိုးရာတွင် မြေပဲအထွက်နှုန်းတိုးတက်ရေးအတွက် ဗီယက်နမ်မြေပဲမျိုးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးဖြန့်ဖြူးလျက်ရှိပြီး စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမျိုးအောင်ထံက သိရသည်။

ကိုကိုမင်း (ပြန် / ဆက်)