မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂ဝ၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆီးချို၊ သွေးတိုးရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်း ဆောင်ရွက်

မော်လမြိုင်    ဒီဇင်ဘာ ၁

မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂ဝ၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ခရိုက်ဒူးကျေးရွာ၊ ခရိုက်နှီးဟုကျေးရွာနှင့် ဆယ်ပလာကျေးရွာတို့၌ ဆီးချို၊ သွေးတိုးရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းကုသပေးခြင်းတို့ကို ခရိုက်ဒူးကျေးရွာ အ.ထ.က(ခွဲ)တွင် နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ချောင်းဆုံမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသူဇာဝင်းနှင့် တိုက်နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများမှ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲအထိမ်းအမှတ်ဖြစ်သော “လူတိုင်းသက်ရှည် ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့” ဆောင်ပုဒ်အရပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သောအမူအကျင့်ကောင်းများသိရှိစေရန်နှင့် ဆီးချို၊ သွေးတိုးရောဂါနှင့်ပတ်သက်၍ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များကို အသိပညာပေးဟောပြောခဲ့ပြီး လာရောက်ပြသသူ စုစုပေါင်း(၂၇၁)ဦးရှိပြီး ဆီးချိုသွေးတိုးရောဂါ ဝေဒနာရှင်များ(၅၁)ဦး၊ အခြားရောဂါ(၂၂ဝ)ဦးတို့အား ချောင်းဆုံမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက အခမဲ့ကုသ‌ပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်