သာပေါင်း ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ရှိ သော်ကဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိန်ဆန်းတို့မှ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သက်နိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူးဆရာကြီး ဦးဦးဝင်းမောင်၊ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး အစီအမံများရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းအုပ်များနှင့် ဘာသာရပ်သင် ဆရာ/ဆရာမများမှ အစွမ်းကုန် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ ဆရာ/မိဘ/ကျောင်းသား/သူများ လက်တွဲညီစွာ ဆောင်ရွက်သွားမည်ဆိုပါကအောင်ချက် မြင့်မားလာမည်ဖြစ်ကြောင်း၊ စာမေးပွဲနီးမှ ကြိုးပမ်းဆောင်ရွက်လို့မရဘဲ ယခုအချိန်ကတည်းက ကြိုတင်စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရပ်အလိုက် အားသာချက်/အားနည်းချက်ကို သိရှိရန်လိုအပ်ပြီး ဘာသာစုံဖြေဆိုအောင်မြင်နိုင်ရေး/ထူးချွန်သော ကျောင်းသား/သူများ မွေးထုတ်ပေးနိုင်ရေး ဆရာ/ဆရာမများမှ သိရှိဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊သင်ကြားရေးနှင့် လူမှုရေးဆိုင်ရာ နှောက်ယှက်သူများရှိပါက အဆင့်ဆင့်တင်ပြပေးရန်နှင့် အုပ်ချုပ်ရေးအဖွဲ့များမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြန်လည်တင်ပြ ဆွေးနွေးချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)