ပုသိမ် ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊စာရေးများ၏ လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့်အဖွဲ့ဝင် များက ပိုက်ဆံလျှော်၊နေကြာနှင့် ရေတော်မိုးတော်ကိစ္စရပ်များ၊ အမျိုးသားနေ့အခမ်းအနားကျင်းပရေး၊ ဒီဇင်ဘာစုပေါင်းလမ်းလျှောက်ပွဲတွင်ပါဝင်ရေး၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရေး၊ စာမတတ်သူပပျောက်ရေးအတွက် သင်ကြားရေးကိစ္စရပ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေး၊ လုံခြုံရေးအလေးထား ဆောင်ရွက်ရေး၊ မြို့သန့်ရှင်းသာယာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိရသည်။
မြင့်ဟန် (ပြန်/ဆက်)