ဖြူး ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ပြည်သူများ စာအုပ်စာပေများကို အလွယ်တကူ ပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ပိုမိုတိုးပွား လာစေရန်အတွက် ရည်ရွယ်၍ ယနေ့၊မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်များနှင့် ကလေးများအတွက်စာအုပ်များအား ပြည်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ငှားရမ်းပေးရာတွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥပဒေရုံး၊ မြို့မရဲစခန်း၊ မီးသတ် ဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ တိုင်းရင်းဆေးခန်းတို့တွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ မြို့မရဲစခန်းရှိအချုပ်သားများအား သုတ၊ ရသစာအုပ်များအပြင် ကလေးငယ်များ စိတ်ဝင်စားစေသည့် ကလေးစာပေများ စုစုပေါင်း (၅၄၀) အုပ် သွားရောက်ငှားရမ်းပေးခဲ့ရာ (၈၂) အုပ်ခန့် ငှားရမ်းပေးခဲကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)