ဇီးကုန်း ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌ ယနေ့နံနက် ၁၀ နာရီက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် အုပ်ချုပ်ရေးလုပ်ငန်းများ၊ လုံခြုံရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပန်းတိုင်စိုက်ပျိုးသီးနှံ (၁၀) မျိုးအနက်မှ နွေစပါးနှင့် ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်းအထွက်နှုန်းတိုးတက်ရရှိအောင် ဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းအကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့ သည်။
ထို့နောက် တက်ရောက်လာသော ဋ္ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွအုပ်ချုပ်ရေးမှူးများမှ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် လမ်းညွှန်မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)