ပေါက်ခေါင်း ဒီဇင်ဘာ ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်စီးပွါးမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၉ ရက်နေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါရန်ပုံငွေပေးအပ်ပွဲအခမ်းအနားတွင် ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်းက အဖွင့်အမှာစကားနှင့် ကျေးလက်စီးပွါးမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းနှင့်ပက်သက်၍ ယခုရရှိသောစီမံကိန်းကို အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် အစုအဖွဲ့ဖြင့်ဆောင်ရွက်ရသော စီမံကိန်းဖြစ်သဖြင့် အသက်မွေးဝမ်းကြောင်း အစုအဖွဲ့များအနေဖြင့်လည်း စည်းစည်းရုံးရုံးဖြင့်စီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။ ယင်းနောက် (RBF) စီမံကိန်းရရှိသော လေးကြီးကျေးရွာအတွက် ရန်ပုံငွေကျပ်သိန်း (၃၀၀)အား ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဖြိုးသူမောင်က လွှဲပြောင်းပေးအပ်ရာ ကျေးလက်စီးပွါးမြင့်မားရေး လုပ်ငန်းအဖွဲ့တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲသို့ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဖြိုးသူမောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လေးကြီးကျေးရွာရပ်မိရပ်ဖများနှင့် အသက်မွေးဝမ်းကျောင်းအစုအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)