သာပေါင်း ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေကြာမျိုးစေ့များပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်အေးခန်းမ၌ ကျင်းပကြသည်။
ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်တို့မှ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ လကုန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုံခြုံရေးအဓိကထားဆောင်ရွက်ရန်၊ ၂၀၂၃ ခုနှစ် မိုးစပါးရိတ်သိမ်းပြီးစီးမှုစာရင်းတင်ပြရန်၊ (၈၆)ဘီလီယံနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်သွင်းအားစုရယူ တောင်သူများ ဝယ်၊ ကြိတ်အဖွဲ့သို့ စပါးပေးသွင်းမှု စာရင်းကြီးကြပ်တင်ပြရန်၊ နွေစပါး လျာထားဧကအပေါ် စိုက်ပျိုးပြီးစီးမှုစာရင်းတင်ပြရန်၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ပျိုးပြီးစီးမှု စာရင်းတင်ပြရန်၊ ဆောင်းနေကြာလျာထား (၂၁၀၈)ဧကအပေါ်ကျေးရွာအုပ်စုအလိုက် စိုက်ပျိုးပြီးစီးမှုတင်ပြရန်၊ဆောင်းသီးနှံ(၁၀၀)ဘီလီယံ သွင်းအားစု ဆောင်းသီးနှံမြေပဲ(၁၂၀၀)ဧက/နေကြာ(၂၁၀၈)ဧက ရယူရေး တောင်သူစာရင်းတင်ပြရန်၊ EID နိုင်ကတ်မလုပ်ရသေးသူများ လဝကကွင်းဆင်းပါက စုစည်းပေး၍ အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အရန်မီးသတ်တပ်ဖွဲ့၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်ဆောင်ရွက်ရန်၊ ဗေဒါများဆယ်ယူ၍ မြေဆွေးမြေသြဇာပြုလုပ်၍ စားပင်သီးပင်များစိုက်ပျိုးရေးဆောင်ရွက်ရန်၊ စိုက်ပျိုးရေးဌာနမှကော်ဖီပျိုးပင်များ အခမဲ့ရယူ၍ အရိပ်ရအပင်အောက်တွင်စိုက်ပျိုးရေး ဆောင်ရွက်ရန်၊လစဥ်လူဦးရေစာရင်းအား(၂၂)ရက်နေ့အရောက် စာချောဖြင့်ပေးပို့ရန်၊ အလှူခံခွင့်တင်ပြပါကသေချာစိစစ်ပြီးမှ ထောက်ခံတင်ပြရန်၊ ခွင့်ပြုချက်ရရှိပြီးပါကလည်း ခွင့်ပြုနေရာ၊ကာလ၊ဆောင်ရွက်သည့် ပုဂ္ဂိုလ်အတိုင်းဆောင်ရွက်ရန်နှင့် အထွေထွေကိစ္စရပ်တို့ကို ဆွေးနွေးမှာကြားရာ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နေကြာမျိုးစေ့များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)