မြို့သစ်မြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက် ရောင်းချပေး

မြို့သစ် ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ မြို့နယ်ဆီကုန်သည်များအသင်းနှင့် ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ အခြေခံစားကုန်ဖြစ်သည့် စာသုံးဆီများကို ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက ကွက်သစ်ရပ်ကွက်၊ စျေးအနီး၊ စာ တိုက်လမ်း၊ မီးသတ်ရုံးရှေ့တွင် ဈေးရောင်း/ဈေးဝယ်လာကြသော ကျေးရွာနေပြည်သူများအား စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၅၆၀)စုအား အိမ်ထောင်စုတစ်စုလျှင် စားသုံးဆီ (၁)ပိဿာနှုန်းဖြင့် ရောင်းချရာတွင် စာသင်တိုက် နှစ်တိုက်အတွက် ပိဿာ (၄၀)၊ သာသနနုဂ္ဂဟဆွမ်းလောင်းအသင်းအတွက် ပိဿာ (၂၀)၊ မြို့လုလင် ပရဟိတကျောင်းအတွက် ပိဿာ (၂၀)အား ကာလပေါက်ဈေးထက် ဈေးနှုန်းလျှော့ချကာ တစ်ပိဿာလျှင် (၅၅၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းစားသုံးဆီ (၁၆၅၀)ပိဿာအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)