နတ်မောက် ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးဆန်းစစ်လွှာမေးခွန်း ဖြေဆိုခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း) ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမကြီး ဒေါ်ခင်စန်းတင့်က HIV ရောဂါပိုးကူးစက်နိုင်သည့်နည်းလမ်းများ၊ HIV ရောဂါပိုးကူးစက်ခံရသူများအား ရောဂါကာကွယ်ရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုလုပ်ငန်းစဉ်များ၊ AIDS ရောဂါပိုးကူးစက်ခံရသူများ ခံစားရသည့် ရောဂါလက္ခဏာရပ်များနှင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျန်းမာရေးဆန်းစစ်လွှာ မေးခွန်းများအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ၂၀၂၃ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျန်းမာရေးဆန်းစစ်လွှာမေးခွန်း(၁၀၀)ဖြေဆိုခြင်းကို အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)တွင် အထက်တန်းအဆင့် ကျောင်းသား/သူ(၁၀၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာဆုရရှိသည့် ကျောင်းသား/သူများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမကြီးက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း