ချောက် ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ချောက်မြို့၌ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုသောအားဖြင့် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးအတွက် မေးခွန်း (၁၀၀)ဖြေခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ချောက်မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးသက်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျန်းမာရေးဆန်းစစ်လွှာမေးခွန်းများအကြောင်းကို အသိပညာပေးရှင်းလင်းပြောကြားပြီး မေးခွန်းများဖြေဆိုခြင်း၊ အဖြေမှန်စစ်ဆေးခြင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးအတွက် မေးခွန်း(၁၀၀)ဖြေဆိုပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း ကျောင်းသား/ကျောင်းသူ (၁၁၀)ဦး ပါဝင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုသောအားဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးအတွက် မေးခွန်း(၁၀၀)ဖြေခြင်းများကို တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိပြီး ချောက်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ပေါင်း(၄၂)ကျောင်းရှိပြီး အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၀၀၁)ဦး ဝင်ရောက်ဖြေခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)