ဟုမ္မလင်း၊ ဒီဇင်ဘာလ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာလ(၁)ရက်၊ နံနက်ပိုင်း ၉ နာရီမှ (၁၂)အထိ အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်မှုပေးလျက်ရှိကြောင်းသိရသည်။
သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုဆောင်ရွက်ပေးခြင်းကို ဟုမ္မလင်း ခုတင် (၁၀၀) ဆံ့ရုံး ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဆွေ၊ အရိုးအထူးကူးဆရာဝန် ဒေါက်တာမင်းဇော်အောင်၊ ဒေါက်တာနန်းဝင်းအောင်နှင့် ဆရာ/ ဆရာမများက သက်ကြီးရွယ်အိုများအား ကျန်းမာရေးဆိုင်အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွားများ စုစုပေါင်း (၁၅၉) ဦးအား အခမဲ့စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွားကျန်းမာရေး စောင့်ရှောက်မှုအစီအစဥ်တွင် ကျန်းမာရေးစစ်ဆေးမှုမခံယူမီ သက်ကြီးဘိုးဘွားများအား ကိုယ်ကာယကျန်းမာကြံခိုင်စေရေးအတွက် ဦးတင်မောင်ဝင်း (HA1) က ဦးဆောင်လေ့ကျင့်ပေးခဲ့ကြောင်းနှင့် အာဟာရဒါနအနေဖြင့် ကြာဇံဟင်းခါး တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း ပြန်/ဆက်