ရွှေတောင်မြို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရွှေတောင် နိုဝင်ဘာ ၃၀

မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂ဝ၂၃) ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် "လူတိုင်းသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့" ဆောင်ပုဒ်နှင့်အညီ ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မွေးကင်းစမှ သက်ကြီးရွယ်အိုအထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်နှင့်အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ကျောင်းကျန်းမာရေးဌာန၊ ရွှေတောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ နိုဝင်ဘာ (၂၉)  ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်း (ကြာနီကန်) တွင် ကျောင်းသား / ကျောင်းသူများအား မျက်စိအမြင်အာရုံစစ်ဆေးပေးခြင်း၊ သွားတိုက်နည်းသရုပ်ပြခြင်း၊ သွားကျန်းမာရေးစစ်ဆေး/ ကုသပေးခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာခြင်း၊ စုပေါင်းပြီးစနစ်မှန်လက်ဆေးနည်းသရုပ်ပြခြင်းနှင့် ကျောင်းစျေးဆိုင်စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (မူကြိုကျောင်း) တွင်လည်း တစ်ကိုယ်ရည်သန့်ရှင်းရေးကျန်းမာရေး အသိပညာပေးခြင်း၊ သွားတိုက်နည်းသရုပ်ပြခြင်းနှင့် ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာခြင်းတို့ဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)