စလင်း နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၂၀၂၃)ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ထွန်းက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကာ အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားပြီး ငြိမ်းချမ်း၍စည်းလုံးသော နိုင်ငံတော်ကြီး တည်ဆောက်စို့ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်ချီပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးဖြေဆိုသူ(၁၅)ဦး၊ ပန်းချီပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်သူ(၉)ဦး၊ စုစုပေါင်းဝင်ရောက်ယှဥ်ပြိုင်သူ(၂၄)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်းကို စလင်းမြို့နယ်ပညာရေးမှူး ဦးသိန်းဌေးထံမှ သိရှိရသည်။
မောင်လွင်(စလင်း)