စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ထပ်ဆောင်း ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ထိုးနှံပေး

စစ်ကိုင်း  နိုဝင်ဘာ  ၃၀

စစ်ကိုင်းခရိုင်ကျန်းမာရေးဦးစီးဌာနမှ စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များအား ထပ်ဆောင်း ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းကို နိုဝင်ဘာ(၃၀)ရက်၊ နံနက်(၁၀)နာရီက အဆိုပါတက္ကသိုလ်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပြီး ကျန်မာရေးအသိပညာပေး ဟောပြောပွဲကိုကျင်းပရာ စစ်ကိုင်းပညာရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ များကို ကျန်းမာရေးအသိပညာများရရှိစေရန် သက်ဆိုင်ရာဌာနနှင့် ပူးပေါင်း၍ဆောင်ရွက်ပေးရခြင်းဖြစ် ကြောင်း၊ ကျန်းမာရေးအသိပညာများရရှိပြီး ကျန်းမာရေးကောင်းမွန်မှသာလျှင် မိမိတို့ဘဝရည်မှန်းချက်များ အောင်မြင်လာမှာဖြစ်ကြောင်း၊ စိတ်ဝင်စားစွာလေ့လာမှတ်သား သွားကြပါလို့အထူးပြောကြားလိုကြောင်းစသည်ဖြင့် ပြောကြားခဲ့ပြီး ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသော်တာ ထက် က ကျန်းမာရေးအသိပညာများ အသေးစိတ်ဆွေးနွေးပြောကြားခဲ့သည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်အနေဖြင့် ကျောင်းသား/ ကျောင်းသူများအား ဘက်စုံဖွံ့ဖြိုးတိုး တက်မှုများ ရရှိစေရန် အသိပညာပေးဟောပြောပွဲများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ် ပွဲများကို စဉ်ဆက်မပြတ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်