အောင်လံ နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဆာဖိုးသာအထွက်ကောင်းစပါးစိုက်ပျိုးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကံမလေးမြစ်ရေတင် ဧရိယာမှတောင်သူများကို ဘုန်းတော်ကြီးကျောင်း၌ အသိပညာပေးပြောကြားခဲ့သည်။
ဦးစွာ ကံမလေးမြစ်ရေတင် ဧရိယာမှတောင်သူများနှင့်တွေ့ဆုံ၍ ဆာဖိုးသာအထွက်ကောင်း စပါးစိုက်ပျိုးရေးနှင့် ဆာဖိုးသာစိုက်ပျိုးသော တောင်သူများအား ယူရီးယားဓာတ်မြေဩဇာပံ့ပိုးမည့် အစီအစဉ်များ ချပြရှင်းလင်းခြင်းနှင့် နေကြာသီးနှံစီမံကိန်းပြည့်မီစွာ စိုက်ပျိုးရေး၊ နွေစပါး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စီမံကိန်းအား ရှင်းလင်းချပြခြင်း၊ ဆာဖိုးသာမျိုးကောင်းမျိုးသန့် ချေးငွေလိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှထုတ်ချေးမည့် အစီအစဉ်များ ချပြရှင်းလင်းခြင်းနှင့်အတူ အယ်နီညိုရာသီဥတုကြောင့် နွေရာသီကြုံတွေ့နိုင်သည့် စိုက်ပျိုးရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် အခက်အခဲများကျော်လွှားနိုင်မည့် နည်းလမ်းများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်လံ(ပြန်/ဆက်)