နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လမ်းမီးတိုင်များအား မီးလင်းရေး လိုက်လံဆောင်ရွက်

နတ်မောက် နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ဌာနတို့ ပူးပေါင်း၍ လမ်းမီးတိုင်များအား မီးလင်းရေးလိုက်လံဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့နယ်  မြစည်းခုံလမ်းရှိ လမ်းမီးတိုင် ၂၂ တိုင်တို့အား ပြုပြင်ဆောင်ရွက်ခဲ့သည်။

အဆိုပါလမ်းမီးတိုင်များ မီးလင်းရေးဆောင်ရွက်ခဲ့ရာတွင် ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များ ညအချိန်လမ်းသွားလာရာတွင် ထင်သာမြင်သာသွားလာနိုင်ရေး၊ မီးတိုင်များရှိ ကျွမ်းနေသည့် မီးလုံးများအား အသစ်လှဲလှယ်တပ်ဆင်ပေးခြင်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မြို့နယ်လျှပ်စစ်ဌာနရှိ ဝန်ထမ်းများက မီးတိုင် ၂၂ တိုင်အား ညအချိန်မီးလင်းနိုင်ရေး ဆောင်ရွက်ခဲ့ရာ မြို့နယ်စည်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ ညအချိန်တွင် လမ်းမီးတိုင်များမီးလင်းနေမှုအား လိုက်လံကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှဝင်း