အောင်လံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများ အပတ်စဉ်ကြာသပတေးနေ့တိုင်း စဉ်ဆက်မပျက် ရောင်းချပေး

အောင်လံ နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက မြိုနယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ အောင်လံမြို့နယ် ဆီကုန်သည်များအသင်းတို့က မြို့နယ်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်တစ်ပြည်(၂၅၀၀)နှုန်းဖြင့် အိတ်(၂၀)၊ စားသုံးဆီတစ်ပိဿာ(၅၅၀၀)နှုန်းဖြင့် (၅၅၀)ပိဿာ၊  ကြက်ဥဆယ်လုံး(၂၃၀၀)နှုန်းဖြင့် (၉၀၀)လုံး၊ ကြက်သားတစ်ပိဿာ(၁၀၀၀၀)နှုန်းဖြင့် (၂၅)ပိဿာ၊ ဝက်သားတစ်ပိဿာ(၁၂၀၀၀)နှုန်းဖြင့် (၉)ပိဿာ၊ ဆိတ်သားတစ်ပိဿာ(၁၂၀၀၀)ကျပ်နှုန်းဖြင့် (၃)ပိဿာ စသည့်အခြေခံစားကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ်ကြာသပတေးနေ့တိုင်း စဉ်ဆက်မပျက် ရောင်းချပေးခဲ့ရာ ယနေ့စုစုပေါင်းရောင်းချတန်ဖိုးငွေကျပ်(၄၈၃၈၀၀၀/-) (ကျပ်လေးဆယ့်ရှစ်သိန်း သုံးသောင်းရှစ်ထောင်တိတိ) ဖြစ်ကြောင်း သိရသည်။

အောင်လံ(ပြန်/ဆက်)