မင်းဘူး နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များမှ ကုန်စုံဆိုင်များ၊ ပုဇွန်တံဆိပ်ပါ စားသုံးဆီများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရန် ယမန်နေ့နံနက် ၉ နာရီက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက အတူတကွ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ယင်းနောက် စားသုံးဆီအရောင်းဆိုင်များမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဒေသခံပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ အဆင်ပြေပြေ ဝယ်ယူစားသုံးနိုင်ရေးအတွက် သင့်တင့်သော ဈေးနှုန်းများဖြင့်သာ ရောင်းချကြရန်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုကြရန် လိုက်လံစစ်ဆေး မှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)