ငဖဲမြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲကျင်းပ

ငဖဲ နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ်  (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းဆင့် ကဗျာပြိုင်ပွဲကို  ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးက (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားလို့ငြိမ်းချမ်း စည်းလုံးသော နိုင်ငံတော်ကြီး တည်ဆောက်စို့ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းဆင့် ကဗျာပြိုင်ပွဲကို ဆက်လက်ကျင်းပရာ  ကျောင်းသား၊ ကျောင်းသူ (၂၇) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)