မြို့သစ် နိုဝင်ဘာ ၃၀
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ၏ သွေးတိုး ၊ ဆီးချို ၊ နှလုံးရောဂါကျန်းမာရေးအား အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံဝင်းရှိ သံဃာများ ကုသဆောင်၌ အခမဲ့ကုသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးကုသဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်ပြည်သူ့ဆေးရုံဝင်းရှိ သံဃာများကုသဆောင်၌ နံနက် (၉)နာရီမှ (၁၂) နာရီအထိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) (၃၆)ဦးအား ကျန်းမာရေးအခြေအနေမေးမြန်းဆွေးနွေး၍ သွေးတိုး၊ ဆီးချို၊ နှလုံးကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ECG ဆွဲခြင်းနှင့်လိုအပ်သည့်ဆေးဝါးများထောက်ပံ့ပေးခြင်းဖြင့် အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးဇော်ထံက သိရှိရသည်။
ဝင်းအိဇွန် ( ပြန်/ဆက်)