မင်းလှမြို့တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းလှ နိုဝင်ဘာ ၃၀

မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယမန်နေ့တွင် သင်တောရိုးအုပ်စု၊ လှေလှော်ကွင်းကျေးရွားသို့သွားရောက်၍ အခမဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်လှဝင်း၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများသည် ကျေးရွာနေပြည်သူများအား ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောခြင်း၊ လာရောက်ပြသသည့် ကျေးရွာနေပြည်သူ(၁၀၅)ဦးတို့အား ဆီးချို၊သွေးတိုးရောဂါစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးပေးခြင်းနှင့်လိုအပ်သော‌ ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)